Friday, August 24, 2018

ယခုစာအုပ်သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် တာဆူနေစဉ် အခြေအနေအကြောင်းကြောင်းကြောင့် လူဆိုးလောကသို့ ရောက်ရှိသွားရသူတစ်ဦ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်များကို ပြုစုထားသော မှတ်တမ်းတစ်ခုဖြစ်သည်။
                    ယနေ့ခေတ်တွင် အကျဉ်းထောင်များနှင့် ပတ်သက်သည့် ကိုယ်တွေ့ဖြစ်ရပ်များအကြောင်း စာအုပ်ထုတ်ဝေကြသည်မှာ နိုင်ငံရေးအသိုင်းအဝိုင်းတွင်းရှိသူများသာ ဖြစ်တတ်ကြသည်။
                    လူဆိုးတစ်ယောက်က ထောင်အတွင်း ကိုယ်တွေ့ကြုံခဲ့ရသည်များကို အစိုးရထံသို့လည်းကောင်း အနာဂတ်လူငယ်များ ၎င်းတို့ကဲ့သို့မဖြစ်ပေါ်စေရန် ပြည်သူ့ထံသို့လည်းကောင်း ချပြထားခြင်းဖြစ်ရာ ကျွန်တော့်တစ်သက်တာ ဖြတ်သန်းလာခဲ့ရမှုတွင်ယခုလို စာအုပ်မျိုးကို ဖတ်ရှုခဲ့ခြင်းမရှိပေ။
                    ၎င်း၏စာမူမှာ ၀တ္ထုသဘောဆန်ဆန် ရေးသားထားခြင်းမျိုးမဟုတ်ဘဲ ၎င်းရောက်ရှိခဲ့သည့် ထောင်များနှင့် ရဲဘက်စခန်တွင် ကိုယ်တိုင်ကြုံတွေ့ မြင်တွေ့ခဲ့ရသည်များကို အချိန်ကာလနေရာ ဖြစ်စဉ် အမည် အကျိုးဆက်များအား တိတိကျကျဖော်ပြထားသည့် ကိုယ်တွေ့မှတ်တမ်းဖြစ်နေသဖြင့် ဖော်ပြချက်များ တိကျမှန်ကန်ဖို့လိုကြောင်း သတိပေးပြောကြားရာ ၎င်းမှ တိကျမှန်ကန်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်းပြောကြားသောကြောင့် ၎င်း၏စာအုပ်သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရေးကို အထောက်အပံ့ဖြစ်စေသလို ဖတ်ရှုသူတိုင်းကိုလည်း ကောင်းမွန်သည့်အကျိုးကျေးဇူးရရှိစေမည်ဟု ယုံကြည်သည်။
                    အထူးသဖြင့် ထိုစာအုပ်သည် ထောင်ကျဖူးသည့်သူတိုင်းက အပြည့်အ၀လက်ခံမည်ဆိုတာကို ထောင်ကျဖူးသူ ကျွန်တော်ယုံကြည်ပါကြောင်း....။

crd=>သတင်းထောက်-ဝင်းဦး

အင်းစိန်အောင်စိုး - အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ

📗📗👉
http://zipansion.com/3EEbQ

No comments:

Post a Comment