Monday, September 24, 2018

ရှေးသုသမားများအတွက် စာအုပ်ကောင်း (pdf)
------------------------------------
ဒီစာအုပ်ရဲ့ နာမည်က Images of the Past အတိတ်ရဲ့ ပုံရိပ်များလို့ အမည် ရပြီး စာမျက်နှာပေါင်း (၆၅၀)၊ အခန်းပေါင်း (၁၂) ခန်း၊ ခေါင်းစဉ်ငယ်ပေါင်းများစွာနဲ့ ၂၀၁၀ မှာ ထုတ်ဝေထားတာဖြစ်ပါတယ်။ ပြုစုသူက ပညာရှင်နှစ်ဦးဖြစ်ပြီး ၀စ်ကွန်စင် တက္ကသိုလ်က T.Douglas Price နဲ့ The  Field Museum က Gary M. Feinman လို့ ဆိုပါတယ်။

ဒီစာအုပ်ရဲ့ ထူးခြားချက်က ရှေးဟောင်းသုတေသန အခြေခံသဘောတရား တွေကနေ ယနေ့ ခေတ် ကမ္ဘာမြေပေါ်မှာ ပထမဆုံးလူသားစတင်ဖြစ်ပေါ် လာပုံ၊ ပထမဆုံး ခြေနှစ်ချောင်းနဲ့ မတ်ရပ်လမ်းလျှောက်တဲ့ Homo erectus ကနေ အဆင့်ဆင့် ဖွံ့ ဖြိုးလာပုံ၊ လူသားတွေကမ္ဘာအရပ်ရပ် ရွှေ့ ပြောင်း ပြန့်နှံ့ နေထိုင်ပုံ၊ ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်သစ် ယဉ်ကျေးမှု၊ စုပေါင်း  အမဲလိုက်ပုံ၊ စိုက်ပျိုးမွေးမြူရေး နဲ့ ဘာသာစကားဖြစ် ထွန်း လာပုံ ကနေ မြို့ ပြ၊ အင်ပါယာ ယဉ်ကျေးမှု တည်ထောင်ပုံ အထိ ရောင်စုံပုံကားတွေ နဲ့ ကမ္ဘာ အရပ်ရပ်က တွေ့ ရှိ ပြီး သမျှ လူ့ ကျေးမှု ဥပမာတွေနဲ့ အသေးစိတ် ရှင်းလင်းတင်ပြထားတာ ဖြစ် ပါတယ်။ နောက်ဆုံးအခန်းကတော့ The Past as Present and Future  ဆိုပြီး အတိတ်ကာလ လူ့ သမိုင်းဖြစ်စဉ်က ပစ္စုပ္ပန်နဲ့ အနာဂတ် လူသား သမိုင်း အတွက် ဘယ်လို ဆက်စပ်နေကြောင်း တင်ပြထားပါတယ်။

စာအုပ်က အရည်အသွေးကောင်းပြီး ပုံပေါင်းများစွာပါလို့ ဆိုက်ဒ်ကတော့ အတော်အသင့် ကြီးပါတယ်။ (65) MB လောက်ရှိမယ်။

📗📗👉
https://1ink.info/Brutz

crd=>ဘိက္ခု ကေသရ

No comments:

Post a Comment